Monday, October 10, 2016

Ikoe Mueih Num Myo Ak Huu Tueng

Hnaring kho ve toe Myo ak huu ham rhoena kawih hla ti maw cenamoe upade pohmah 54 oehkoe a mueihna amma soep a dawngoeh amhu hue.


(ဇ)-ထန်တလန်မြို့နယ်ရှိနှာရိန်းကျေးရွာအားမြို့အဖြစ် တိုးမြှင့်ပေးရန်အစီစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 
ထန်တလန်မြို့နယ်အတွင်းရှိ နှာရိန်းကျေးရွာသည် ထန်တလန်မြို့နှင့် ၅၃ မိုင်၊ မတူပီမြို့မှ ၅၆ မိုင်၊ ဟားခါးမှ ၇၇ မိုင်ဆီကွာဝေးပြီး ထန်တလန်မတူပီ ဆက်သွယ်ရေးလမ်းပေါ်တွင် တည်ရှိ ပါကြောင်း၊ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဆက်သွယ်ရေးလမ်းကြောင်း ဗဟိုချက်မှပေါ်တွင် တည်ရှိပြီး အိန္ဒိယနယ်စပ်အနီးရှိ ရွာတစ်ရွာလည်းဖြစ်ပါကြောင်း၊ နှာရိန်းကျေးရွာသည် အိမ်ခြေ ၄၀၀ ၊လူဦးရေ ၂၀၀၀ ကျော်နေထိုင်သည့် ရွာဖြစ်ပါကြောင်း၊ အနီးရှိကျေးရွာများနှင့် ပေါင်းပါက လူဦးရေ ၁၂၀၀၀ ကျော် နေထိုင်သည့်ဒေသဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး၊လုံခြုံရေးကိစ္စများ ကိုဆောင်ရွက်ရာတွင် အခက်အခဲများစွာကြုံတွေ့နေရပါကြောင်း၊ နှာရိန်း ပတ်ဝန်းကျင်တွင်ရှိသော လောက်သူးလူမျိုးနွယ်စုနှင့် မှာတာလူမျိုးနွယ်စု တို့နေထိုင် သည့် ရွာပေါင်း ၁၈ ရွာ၊ လူဦးရေ၁၂၀၀၀ ကျော် နေထိုင်သည့် အဆိုပါ ၁၈ ရွာအနက် အချက်အခြာအကျဆုံး ရွာတစ်ရွာလေးဖြစ်ပါကြောင်း၊ နှာရိန်းရွာကို မြို့အဖြစ် တိုးမြှင့်ပေးပါက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေး တို့အတွက် အထောက်အကူများစွာပြုမည်ဖြစ်ပါကြောင်း၊
နှာရိန်းရွာတွင် အစိုးရမူလတန်းကျောင်းနှင့်အထက်တန်းကျောင်းတစ်ကျောင်းစီ၊ တိုက်နယ်ဆေးရုံ၊ အစိုးရ မီးသတ်ရုံး၊ စာတိုက်အဆင့်ခြောက်ရုံး၊ IP Star ရုံး စသည့်‌အစိုးရဌာနများလည်း ဖွင့်လှစ် ထားပြီး ဖြစ်ပါကြောင်း၊ကိုယ်ထူကိုယ်ထမိဘမဲ့ဂေဟာမူကြိုကျောင်းသုံးကျောင်း၊ခရစ်ယာန်အသင်းချုပ်ရုံး၊ရိုမင်ကတ် သလစ်အသင်း ချုပ်ရုံးများလည်းရှိပါကြောင်း၊မြို့အဖြစ် တိုးမြှင့်ပေးနိုင်ခြင်း အတွက် သက်ဆိုင်ရာသို့ အဆင့်ဆင့်တင်ပြထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ထန်တလန်မြို့နယ်ရှိ နှာရိန်းကျေးရွာအား မြို့အဖြစ်သတ်မှတ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်းမေးမြန်း ပါသည်။

ဖြေကြားချက် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာတိုင်း ဒေသကြီး /ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာရှိသည့် ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်/မြို့၊ မြို့နယ် (သို့မဟုတ်) ခရိုင်နယ်နိမိတ်များပြင်ဆင်ရန်၊ဖွဲ့စည်းရန် (သို့မဟုတ်) မြေပြောင်း လဲခြင်းဖြစ်ပေါ်လာပါက သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံတော်သမ္မတ ထံထောက်ခံ တင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊လမ်းပန်း ဆက်သွယ်ရေးကောင်း မွန်၍ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ပြီး ဖော်ပြပါမြို့အင်္ဂါရပ် ၂၁ ရပ်နှင့် ကိုက်ညီမှုရှိသည့် ကျေးရွာ(သို့မဟုတ်) ကျေးရွာများ (သို့မဟုတ်) ကျေးရွာအုပ်စု (သို့မဟုတ်)ကျေးရွာ အုပ်စုများကို မြို့ဖြင့်တိုးချဲ့ဖွဲ့စည်းခြင်း ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်များမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၄ နှင့်အညီ စိစစ်ဆောင် ရွက် ပေးလျက်ရှိပါကြောင်း၊ (က) အိမ်ခြေအနည်းဆုံး ၁၀၀၀၊ လူဦးရေအနည်းဆုံး ၅၀၀၀၊ (ခ) ဈေးမြေဧရိယာ ၂.၁၆၆ ဧက၊ (ဂ) ဘောလုံးကွင်းမြေဧရိယာ ၂.၆၈၆ ဧက၊ (ဃ) ကလေးများ အတွက် ဥယျာဉ်/ကစားကွင်း မြေဧရိယာ ၂.၄၉၉ ဧက၊ (င) ၁၆ ခုတင်ဆံ့ဆေးရုံ၊ (စ) ဘာသာရေးဆိုင်ရာနေရာ၊ (ဆ) ကုန်ထုတ်လုပ်မှုဆိုင်ရာနေရာ၊ (ဇ) ကျေးရွာဘုံမြေ၊ ကျေးရွာထင်းစိုက်ခင်း၊ (ဈ) အုပ်ချုပ်ရေးမှူးရုံးနှင့် စာကြည့်‌တိုက်၊ (ည) အခြေခံမူလတန်း၊ အထက်တန်းကျောင်းများ၊ (ဋ) လျှပ်စစ်မီးရရှိမှုအခြေအနေ၊ (ဌ) ဆက်သွယ်ရေးအိပ်ချိန်းရုံး၊ (ဍ) လမ်းပန်း ဆက်သွယ်ရေးအ‌ခြေအနေ၊ (ဎ) သောက်သုံးရေးရရှိမှု၊ (ဏ) တိုးတက်လာမည့်လူဦးရေးအတွက်မြို့ဧရိယာတိုးချဲ့မည့်‌အစီအမံ၊ (တ) ကုန်စည်ဒိုင်၊ လက်ကားဒိုင်၊ အလုပ်အကိုင် ရရှိမှု အခွင့်အလမ်းအခြေအနေ၊ (ထ) ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်စသည့်‌ နေရာချထားမှုအခြေအနေ၊ (ဒ) တိရစ္ဆာန်များထိန်းကျောင်းမှုအခြေအနေ၊ (ဓ) အမှိုက် သရိုက်စွန့်ပြစ်ရန် နေရာ၊ (န) မိလ္လာစွန့်ရန်နှင့် မြောင်းတူသည့်‌မြေဧရိယာ၊ (ပ) သင်္ချိုင်းမြေနေရာများ ဟုဖော်ပြထားပါကြောင်း၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်ထလန်မြို့နယ်ကို ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃ ခု၊ ကျေးရွာ ၈၇ ရွာနှင့် ဖွဲ့စည်းထားရှိပြီး အိမ်ခြေ ၁၀၁၈၈ လုံး၊ အိမ်ထောင်စု ၉၉၆၇ စု၊ လူဦးရေ ၅၁၆၇၄ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ထန်တလန်မြို့နယ်အတွင်းမှာရှိ နှာရိန်း (က) ကျေးရွာအုပ်စု ကို နှာရိန်း (က)ကျေးရွာနှင့် နှာရိန်း(ခ)ကျေးရွာတို့ဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၃၈၀ လုံး၊ အိမ်ထောင်စု ၃၅၅ စု၊ လူဦးရေ ၁၉၈၁ ဦး တို့နေထိုင်လျက်ရှိပါကြောင်း၊ ဟားခါးမြို့နယ်၊ နှာရိန်းကျေးရွာ အုပ်စုကို မြို့အဖြစ်တိုးမြှင့် သတ်မှတ်ပေးရန်အတွက် မြို့အင်္ဂါရပ် (၂၁)ရပ်နှင့် ကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင် သည့်ပြည်နယ် အစိုးရအဖွဲ့မှ စိစစ်သည့်အခါ အပိုဒ်ခွဲ (င)၊ (စ)၊ (ဈ)၊ (ည)၊ (ဌ)၊ (ဎ)၊ (ဏ)၊ (ထ)၊ (ဒ)၊ (ပ) စသည့် မြို့အင်္ဂါရပ် ၁၀ ချက်သာကိုက်ညီပြီး ကျန်သတ်မှတ်သည့် ၁၁ ချက်ကို စိစစ်ဆောင်ရွက်ဆြဲဖစ်ကြောင်း၊ ထို့အပြင် ၁၆.၉.၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး တွင်လည်း တွေ့ရှိ ရသည့်အချက်များပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချရာ တွင် ခေတ္တဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားသည့်အတွက် လက်ရှိအခြေအနေ တွင် နှာရိန်းကျေးရွာအား မြို့အဖြစ်ဖွဲ့စည်းရန် အစီအစဉ် မရှိသေး ပါကြောင်း ဖြေကြားပါသည်။
ဖြေကြားသည့် ဌာန 
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
မေးမြန်းသူ 
ဒေါ်နီရွှေလျန်း (ထန်တလန်)

No comments:

Post a Comment